• မြရွှေယုန် အွန်လိုင်း ရတနာဆိုင်မှ ကြိုဆိုပါတယ်
about_img

မြရွှေယုန်​၏သမိုင်း

၂၀၀၂ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့သောမြရွှေယုန် ရွှေ၊ရွှေဖြူနှင့်စိန်ရတနာဆိုင်ကြီးသည် ယခုထိတိုင်စံရည်စံသွေးပြည့်မှီသောလက်ဝတ်ရတနာဒီဇိုင်းမျိုးစုံတို့ကို အာမခံချက်အပြည့်အဝဖြင့် အရောင်းအဝယ်ပြုလုပ်ပေးနေသော စိန်ရွှေရတနာဆိုင်ကြီးဖြစ်ပါသည်။ ဆိုင်ခွဲများကိုလည်း ရန်ကုန်မြို့​၏အချက်ချာနေရာများဖြစ်သော ပြည်လမ်းတော်ဝင်ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းလေးထောင့်ကန် ဘဝမြင့်ဆိုင်ခွဲ၊ စံရိပ်ငြိမ်ဂမုန်းပွင့်ဆိုင်ခွဲနှင့် အင်းစိန်(ပေါက်တောဝ) ဆိုင်ခွဲတို့တွင်ဖွင့်လှစ်ထားပါသည်။

မြရွှေယုန်ရတနာဆိုင်ခွဲအားလုံးတို့တွင် အာမခံချက်ပြည့်ဝသောအရောင်းအဝယ်ဝန်ဆောင်မှု၊ ရတနာဒီဇိုင်းအမျိုးအစားစုံလင်မှု၊ ဆိုင်ခွဲအားလုံးတပြေးညီခေတ်မှီပြီးတိကျမှန်ကန်သောကွန်ပျူတာအရောင်းအဝယ်စနစ်ကို အသုံးပြုမှုတို့ကြောင့် စိန်ရွှေရတနာများစုဆောင်းပွားများလိုသူများအတွက် ရည်ရှည်လက်တွဲနိုင်သောအာမခံချက်အပြည့်အဝရှိသည့်ရတနာဆိုင်ကြီးဖြစ်ပါသည်။ထို့ကြောင့်ဝယ်ပြီးရင်းထပ်ဝယ်ချင်သောမြရွှေယုန်ရတနာဆိုင်ကြီးသို့အရောက်လှမ်းခဲ့ကြဖို့နွေးထွေးစွာဖိတ်ခေါ်ချင်ပါသည်။

မြရွှေယုန်ရဲ့ အားသာချက်များ

အခမဲ့လဲလှယ်ပေးခြင်း

၅ရက်အတွင်း ဝယ်သွားသည့်ပစ္စည်းကို အလဲအထပ်ပြုလုပ်ချင်ပါက ဈေးမခွာပဲ လဲပေးသည်

အဆင်ပြေခြင်း

ရန်ကုန်မြို့​အနှံ့နီးစပ်ရာဆိုင်ခွဲများတွင် အချိန်မရွေးအာမခံဘောင်ချာဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်သည်

အာမခံခြင်း

ရတနာပစ္စည်းအားလုံး၏ ရွှေနှင့်ကျောက်မျက်ရတနာအရည်အသွေးကို အာမခံဖြင့် ရောင်းချပေခြင်း

Member အကျိုးခံစားခွင့်

Member card ရှိရုံဖြင့် အထူးလျှော့စျေးနှင့်အရောင်းအလဲများကို တစ်သက်တာအကျိုးခံစားခွင့်ရရှိခြင်း