• မြရွှေယုန် အွန်လိုင်း ရတနာဆိုင်မှ ကြိုဆိုပါတယ်

အရောင်းမေးခွန်းများ

ဟုတ်ကဲ့ရပါတယ်ရှင်။ မြရွှေယုန်ရတနာဆိုင်ရဲ့အာမခံဘောင်ချာဖြင့် နီးစပ်ရာ မည့်သည့်ဆိုင်ခွဲတွင်မဆို အချိန်မရွေး အရောင်းအလဲ ပြုလုပ်နိုင်ပါတယ်။

ဝယ်ယူတဲ့နေ့မှစပြီး(၅)ရက်အတွင်းပစ္စည်းမပျက်စီးပါက ဝယ်ယူခဲ့တဲ့ဆိုင်ခွဲတွင် တန်ဖိုးတူ(သို့)တန်ဖိုးပို အခြားပစ္စည်းတစ်ခုနှင့် % မနှုတ်ဘဲ(တစ်ကြိမ်)လဲလှယ်နိုင်ပါတယ်ရှင်။သတ်မှတ်ရက်ထက်ကျော်လွန်တဲ့ ပစ္စည်းတွေကိုတော့သတ်မှတ်နှုန်းထားအတိုင်း အရောင်းအလဲပြုလုပ်နိုင်ပါတယ်။

မန်ဘာကတ်ရရှိပြီးသူ (မန်ဘာကတ်ပါရှိပါက) ရွှေဖြူထည်(မပျက်စီး)ပြန်လဲ၁၀%ပြန်သွင်း၂၀%နှုတ်ပြီးလက်ခံပေးပါတယ်။ ပုံမှန်(မန်ဘာဝင်မဟုတ်):ရွှေဖြူထည်(မပျက်စီး)ပြန်လဲ၁၅%ပြန်သွင်း၂၅%နှုတ်ပြီးလက်ခံပေးပါတယ်။ ရွှေဖြူထည်အရောင်းအလဲကို တစ်ဂရမ်ကာလပေါက်စျေးအတက်အကျဖြင့်လက်ခံပေးပါတယ်။

အီတလီနိုင်ငံရှိ ခေတ်မီစက်ရုံကြီးများမှ တိုက်ရိုက်တင်သွင်းသော 18K White Gold ရွှေဖြူထည်တွေကို လက်ရာသေသပ်စွာ ထုတ်လုပ်ထားတာမို့ အထည်Qualityပိုင်းကို ယုံကြည်စိတ်ချစွာဝတ်ဆင်နိုင်ပါတယ်။ ခုPost ကိုအစအဆုံးစိတ်ရှည်ရှည်ဖတ်ရှူပေးတဲ့ချစ် Fansတစ်ဦးတစ်ယောက်ချင်းစီကိုဝင်ငွေတိုးပွားပြီးအမြဲပြုံးပျော်ရွှင်နိုင်ပါစေလို့ဆုမွနိကောင်းတောင်ပေးလိုက်ပါတယ်

အခြားမေးခွန်းများ

ရန်ကုန်မြို့တွင်းသတ်မှတ်မြို့နယ်တစ်ချို့ကို အိမ်အရောက်ငွေချေစနစ်ဖြင့်ဝန်ဆောင်မှု ရယူနိုင်ပြီး နယ်ဝေးမှမှာယူလိုပါက Fb messenger chat Box(cb)တွင်အသေးစိပ်မေးမြန်းနိုင်ပါသည်။သို့အပြင် website မှလည်းစိတ်ကြိုက်ရွေးချယ် အော်ဒါတင်ယူနိုင်ပါသည်။ အိမ်အရောက်ပို့ဆောင်ရမည့်အော်ဒါထည်များ ဝယ်ယူလိုပါက ဘဏ်အကောင့်သို့ ငွေလွှဲပေးချေရပါတယ်။ ငွေလွှဲဝင်ပြီးနောက်သုံးရက်အတွင်း Delivery ဖြင့်ပို့ဆောင်ပေးပါတယ်။ Website မှဝယ်ယူမှုအတွက် (၃)သိန်းဖိုး နှင့်အထက်ပို့ဆောင်ခအခမဲ့ရယူနိုင်ပါသည်။

လိုင်းပေါ်မှဝယ်ယူသည့်အထည်ပြန်သွင်းလိုပါက အထည်နှင့်ဘောင်ချာကို ဆိုင်အရောက်ပြန်လည်ပို့ဆောင်ပေးရပါမယ်။အထည်နှင့် ဘောင်ချာစီစစ်ပြီး ရမည့်ငွေပမာဏကို သက်ဆိုင်ရာ ဘဏ်အကောင့်သို့လွှဲပေးပါသည်။ပို့ခနှင့်ဘဏ်လွှဲခကိုCustomerဖက်မှပေးဆောင်ရပါမည်။

အချိန်အကန့်အသတ်မရှိ ဝယ်ယူတဲ့ငွေပမာဏကို စုဆောင်းပေးပြီး ၃၀သိန်းပြည့်ပါက မန်ဘာကတ်ထုတ်ယူနိုင်ပါတယ်။ တသက်တာ မန်ဘာကတ်ဖြစ်သောကြောင့် မြရွှေယုန်ဆိုင်ခွဲအားလုံးမှာ တသက်တာ မန်ဘာအခွင့်ထူးကိုရယူနိုင်မှာပါ။ ရွှေဖြူထည်နှင့်စိန်ထည် ဝယ်ယူမှုများအတွက် အများနဲ့မတူတဲ့ အထူးdiscountရရှိမှာ ဖြစ်ပါတယ်။ ချစ်တို့မှာ ဘောက်ချာပျောက်လို့ ပစ္စည်းရောင်းမရတဲ့ဒုက္ခလဲ မရှိတော့ဘူး။ မန်ဘာကတ်ပြ Scan ဖတ်ပြီးတာနဲ့ ကွန်ပျူတာစနစ်ဖြင့် လျင်မြန် တိကျ မှန်ကန်စွာ စိတ်တိုင်းကျ အရောင်းအလဲပြုလုပ်နိုင်ပါတယ်။